Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မူးယစ်၊ လက်နက်ရာဇဝတ်မှုကြီးတခုနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေရှိပေမဲ့ မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးကို ထိုင်းရဲဌာနာက ဆက်လက်စုံစမ်းစစ်ဆေးမှု တိုးချဲ့ မပြုလုပ်သေး

Share this News:

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၇)ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ မြန်မာခရိုနီတဦးကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့ရာမှာ သူနဲ့အတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးဘဏ်စာအုပ်တခု အပါအဝင် သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ(၁)သန်းတန် ကွန်ဒိုအခန်းအချို့ကိုပါ လက်ဝယ်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာခရိုနီက ထွန်းမင်းလတ် ဖြစ်ပြီး သူ့ကို စွဲဆိုထားတဲ့ရာဇဝတ်မှုတွေနဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကြား ဆက်နွယ်နေတဲ့ သက်သေအထောက်အထားတွေ ရှိနေပေမဲ့လည်း ထိုင်းရဲတွေက မင်းအောင်လှိုင်ရဲ့ သားသမီးတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးတဲ့အပေါ် Justice For Myanmar က ဇန်နဝါရီ(၁၁)ရက်မှာ သတင်းထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးရှိတဲ့ ဘန်ကောက်မြို့ က Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်း

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေ၊ ငွေသား၊ ကားတွေ၊ တန်ဖိုးကြီးနာရီတွေနဲ့ နာမည်ကြီးတံဆိပ်လက်ကိုင်အိတ်တွေအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထွန်းမင်းလတ်ရဲ့ လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေမှာ ကာလ ပေါက်စျေး ဘတ် ၃၃ သန်းဝန်းကျင်၊ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးရှိတဲ့ ဘန်ကောက်မြို့ က Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းလည်း ပါဝင်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘဏ်အကောင့်ကို သိမ်းဆည်းခဲ့ခြင်းမရှိကြောင်း Justice For Myanmar က သိရှိနားလည်ထားတယ်လို့ ဆိုပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

289
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။