Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြန်မာ့အရေး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် အာဆီယံ အထူးသံတမန်ရုံးဖွင့်လှစ် ဆောင်ရွက်မည်

Share this News:

■ မြန်မာ့အရေး အဖြေပေါ်အောင် အင်ဒိုနီးရှား အစွမ်းကုန်ကြိုးပမ်းမည်ဟု ကတိပြု ၊ မြန်မာ့အရေးသက်ဆိုင်သူများ အားလုံးနဲ့ ဆွေးနွေးနိုင်ရန်လုပ်ဆောင်မည်

မြန်မာ့ရေးရာ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် အာဆီယံ အထူးသံတမန်ရုံးဖွင့်လှစ်သွားမှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က သူမ ကိုယ်တိုင်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီ (၁၀) ရက် နှစ်သစ်ကူးမိန့်ခွန်း မှာ ပြောကြားလိုက်တယ်လို့သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi)

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ရယူထားတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် တွေ့ခွင့်ရဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ဆောင်ရွက်မယ့် ကာလအတွင်းမှာ မြန်မာ့အရေးသက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က ပြောကြားပါတယ်။

နိုင်ငံတော် အဆင့် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရေး ပြသနာကနေ မြန်မာနိုင်ငံအတွက် အဖြေပေါ်အောင် အင်ဒိုနီးရှားအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမယ်လို့ သူမက ကတိပေးလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာအကောင်အထည်ဖော်တာ မရှိသေးဘူးလို့လည်း ရက်နိုမာဆူဒီကထောက်ပြ ပြောကြားထားတာပါ။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
210
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။