Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ကို ချင်းပြည်နယ် မည်သည့်နေရာမှ မပြုလုပ်ရန် CNO/CNDF တားမြစ်

Share this News:

■ လိုက်နာခြင်းမရှိပါက မည်သည့်ပုဂ္ဂိုလ်ကို မဆို ပြင်းထန်စွာ အရေးယူသွားမည်

တရားဝင် အစိုးရ ဖြစ်ရေး ကြိုးပမ်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲ့ တရားမဝင်ရွေးကောက်ပွဲ ကို ချင်းပြည်နယ်
ဖလမ်းမြို့နယ် နဲ့ အထက်ချင်းတွင်းဒေသအတွင်း လုံး၀ ပြုလုပ်ခြင်းမပြုရန် CNO/CNDF က ဇန်နဝါရီ (၁၁) ရက် မှာ ထုတ်ပြန်တားမြစ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီလို တားမြစ်ထားတဲ့ ကြားကမှ အတုယောင်ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်ကူညီမယ့် မည်သည့်ပုဂ္ဂိုလ်မျိုးကို မဆို CNO/CNDF က ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၆ရက်ကနေ ၉ရက်အထိ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာဖြစ်ပါတယ်။

CNO/CNDF အနေနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနဲ့အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေတဲ့အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က လုံး၀တားမြစ်လိုက် တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

286
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
258
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
340
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
174
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။