Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကို အကြမ်းဖက်စစ်ကောင်စီလေကြောင်းကတိုက်ခိုက်မှု NUG အစိုးရ ပြင်းပြင်းထန်ထန်ကန့်ကွက်

Share this News:

■ NUG အနေဖြင့် ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ချင်းအမျိုးသားတပ်ဦးဌာနချုပ်အပေါ်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဇန်နဝါရီ (၁၂) ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ကြရတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်းနဲ့ ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနဲ့ နိုင်ငံတကာတရားဥပဒေတွေနဲ့ အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမယ်လို့ NUG အစိုးရက ထုတ်ပြန် ပြောကြားထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ မိမိတို့ရဲ့လေပိုင်နက်ကို ကျော်လွန်အသုံးပြုပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်နေရုံသာမက၊ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက် လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံးပြုလုပ်ကြဖို့ NUG က တိုက်တွန်းပြောကြားလိုက်တာပဲဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။