စစ်ကိုင်းတိုင်း ကနီ ဒေသမှာချင်းတွင်းမြစ်ကြောင်းတလျောက် ကုန်းကြောင်း ၊ ရေကြောင်း က နေထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို (၁)လနီးပါးအကြာ ခုခံတိုက်ခိုက်ပြီး အောင်ပွဲနဲ့ပြန်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို ဇန်နဝါရီ (၁၂) ရက်မှာ ဒေသခံပြည်သူများစွာက ဝမ်းပန်းတသာကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။
ကျေးရွာပေါင်း (၂၀) ဝန်းကျင်က ဒေသခံပြည်သူတွေဟာ အောင်သပြေပန်းတွေ အိုးစည်ဒိုးပတ်တွေ အကအခုန်တွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
ဒါ့အပြင်တော်လှန်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီတလအကြာတိုက်ပွဲ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ကတည်းက ယနေ့ အထိ တလ တိတိကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဘက်က (၅၀) ကျော်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း (၁၀) ဦး ထိခိုက်ကျဆုံးခဲ့ရပါတယ်။
တိုက်ပွဲကာလအတွင်း မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဆီကနေ လက်နက်ကြီး၊ငယ်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကနီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။