◼ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း ကို ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်ထား
စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းဘေးရှိ ရွှေဘို မောင်းတက်ရွာ ကို ကျောက်မြောင်းမြို့ ခမရ(၁၂)အကြမ်းဖက် စစ်ကောင်စီတပ်က ဇန်နဝါရီ (၁၃) ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘို – ကျောက်မြောင်း လမ်းပိုင်း က ရွာတွေကို ခမရ(၁၂) အကြမ်းဖက်စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးပစ်ခတ်နေတဲ့အပြင် ကော့ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေကလည်း တအုံကျေးရွာကို ရောက်ရှိနေကြတဲ့ အတွက် အများပြည်သူတွေ ဖြတ်သန်းသွားလာခြင်း မလုပ်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၁ ရက် ညနေ (၄)နာရီ အချိန်ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပေါ်မှာ စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။