စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကံကြီးတောရွာရှိ ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဇန်နဝါရီ (၁၂)ရက် မွန်းလွဲ ၂ နာရီအချိန် မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများထံက သိရပါတယ်။
ကံကြီးတောရွာက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၅၀)ကျော်မီးလောင်ပြာကျခဲ့တာပါ။





အဲဒီစစ်ကောင်စီတပ်ဟာ ဟန်လင်းပျူမြို့ဟောင်းမှာ အထိုင်ချတပ်စွဲနေတဲ့ တပ်တခုဖြစ်ပါတယ်။
ဟန်လင်းပျူမြို့ဟောင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေတာပဲဖြစ်ပါတယ်။
ကံကြီးတောကျေးရွာကို မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကို ပကဖ အဖွဲ့ဖြစ်တဲ့ BLACK WOLF – Army နဲ့ Who Am I အဖွဲ့တို့က ဇန်နဝါရီ (၁၁)ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ကြပါသေးတယ်။