Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဟားခါးမြို့ပေါ်က စျေးဆိုင်ခန်းတွေကို ချိတ်ပိတ် ပြီး ဆိုင်ရှင်တွေကို စစ်ကောင်စီဖမ်းဆီး

Share this News:

◼CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ကန့်ကွက်ဆိုင်ပိတ်သိမ်း လှုပ်ရှားခဲ့တာကြောင့် ဖမ်းဆီးခြင်းဖြစ်

ဟားခါးမြို့ပေါ်က စျေးဆိုင်ခန်းတွေကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းလိုက်ပြီး စျေးဆိုင်ပိုင်ရှင်တွေကိုလည်း ဇန်နဝါရီ (၁၂) ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဟားခါးဒေသခံတွေဆီက သိရပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ်ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ ဇန်နဝါရီ (၁၁) ရက် မှာ ဟားခါးမြို့ပေါ်က စျေးဆိုင်တွေပိတ်သိမ်း ပြီးကန့်ကွက် ဆန္ဒ ပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ခဲ့တဲ့အပေါ် စစ်ကောင်စီက ဇန်နဝါရီ (၁၂) ရက် နေ့လယ်မှာ ဆိုင်ရှင်တွေကိုလာရောက် ဖမ်းဆီးပြီး သူတို့ရဲ့ ဆိုင်တွေကို ချိတ်ပိတ်သိမ်းကြောင်းစာတွေ လာကပ်သွားတာဖြစ်ပါတယ်။

ဆိုင်ချိတ်ပိတ်သိမ်းခံရတဲ့ ဆိုင်ပိုင်ရှင်(၁၁) ဦးရှိပြီး သူတို့ကို ဟားခါးရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် နဲ့ ၁၁ ရက်နေ့တွေ က တိုက်လေယာဥ်နဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ CNF က ပြောဆိုထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။