◼ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု များဖြစ်ပေါ်ခဲ့
စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေး ကျေးရွာအောက်ပိုင်းကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ (၁၈) ရက် ညနေ ၄ နာရီ ၁၅ မိနစ် မှာ တိုက်လေယာဉ် (၂) စီးနဲ့ ဗုံး (၅)လုံးထက် မနည်းကြဲချခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထံကသိရပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးထိခိုက်သူအရေအတွက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
အခုလိုဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာဖြစ်ပြီး စစ်ကောင်စီက အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။