မွန်ပြည်နယ် ရေး အခြေစိုက် အမှတ် (၃၁၇) အကြမ်းဖက် စစ်ကောင်စီ အမြောက်တပ် ရဲ့ တပ်သား (၅) ယောက်ကိုရေးပြောက်ကြား တပ်ဖွဲ့(YGF) က ဇန်နဝါရီ (၂၀) ရက် မနက်ပိုင်း မှာ တိုက်ခိုက်ခဲ့ တဲ့အတွက် စစ်ကောင်စီတပ်သား ငါးဦးစလုံးသေဆုံးခဲ့ပြီး လက်နက် (၃) လက်ရရှိ ခဲ့တယ်လို့ YGF ရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အဖွဲ့စီးနင်းလာတဲ့ ဆိုင်ကယ် (၂) စီးကို လမ်းပေါ်မှာ ရေးပြောက်ကြားတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိသည့် လက်နက်များ နဲ့ အတူ တွေ့ရစဉ် ။ ယာပုံ – အကြမ်းဖက်စစ်သားများကိုတိုက်ခိုက်ခဲ့စဉ်။
အလားတူ သံဖြူဇရပ်မြို့နယ် ၊ ထင်းရှုးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ဇန်နဝါရီ (၁၈) ရက်မှာ YGF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ(၃) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။