Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရန်ကုန် မြောက်ဒဂုံ (၄၀) ရပ်ကွက်စျေး မှာ အကြမ်းဖက်စစ်ကောင်စီ အငြိမ်းစားအရာရှိကို ရန်ကုန်မြို့ ပြပြောက်ကြားအဖွဲ့ ရှင်းလင်း

Share this News:

◼အကြမ်းဖက်စစ်တပ်ကို အဓိက ကူညီပေးနေသူဖြစ်ပြီးတရားမဝင်ရွေးကောက်ပွဲအတွက်လိုက်လံဆောင်ရွက်နေသူဖြစ်

ရန်ကုန်တိုင်း ၊ မြောက်ဒဂုံ (၄၀) ရပ်ကွက်စျေးကို စျေးလာဝယ်တဲ့ အကြမ်းဖက်စစ်ကောင်စီ အငြိမ်းစားအရာရှိတဦးကို ဇန်နဝါရီ (၂၀) ရက်မှာ ရန်ကုန်မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အဲဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ ရန်ကုန်ကမြို့ပြပြောက်ကြား အဖွဲ့ရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတခုအနေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးဘက်က ပြောပါတယ်။

ယခုရှင်းလင်းခံရတဲ့သူကတော့ အရင်က မြို့ပြပြောက်ကြားအဖွဲ့ဖြစ်တဲ့ Saturn အဖွဲ့ အဖမ်းဆီးခံခဲ့ရတဲ့ အဓိက တရားခံဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ တရားမဝင် ကိစ္စရပ်တွေမှာလည်း ပါဝက်ပတ်သက်နေသူတဦးဖြစ်ပါတယ်။

ပစ်ခတ်ခံရသူဟာ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အရပ်သားလက်​ထောက်ညွှန်ကြား​ရေးမှူး၊ စာရင်းစစ်
အငြိမ်းစား ဦးရွှေဝင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ပစ်ခတ်မှု အပြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရောက်လာပြီး စျေးကို ပိတ်ဆို့လိုက်ပြီး ဗိုလ်မင်းရောင်လမ်းနဲ့ ရာဇာဓိရာဇ်လမ်းဆုံကို ပါ ပိတ်ဆို့ စစ်ဆေးတာတွေဆက်လုပ်နေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်တော်သား ဦးရွှေဝင်းဟာ စစ်ကောင်စီ​ရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်လံကောက်ယူတာ၊ စစ်ကောင်စီရဲ့ရှောင်တခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုတွေမှာ လိုက်ပါဦးဆောင်သူ တဦးဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးက ပြောကြားပါတယ်။

အကြမ်းဖက် စစ်တပ်အငြိမ်းစားအရာရှိ ဦးရွှေဝင်းဟာ ဦးခေါင်းထိမှန်ကျည်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီး မြို့နယ်ကြက်ခြေနီအဖွဲ့က စစ်ကောင်စီ ကုတင် (၁၀၀) ဆေးရုံကို သယ်သွားတယ်လို့ ရပ်ကွက်ဒေသခံတွေကပြောကြားပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မင်းရောင်လမ်းနဲ့ ရာဇာဓရာဇ်လမ်းဆုံကိုပိတ်ဆို့ စစ်ဆေး ပြီးလုံခြုံရေးတင်းကြပ်တာတွေဆက်လုပ်နေတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
207
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
331
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။