အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နောက်ပြန်ဆုတ်ပြီး အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေကို အုပ်ချုပ်ခွင့်ပြုဖို့ရာ စဥ်းစားကြဖို့ အင်ဒိုနီးရှား ပင်လယ်ရေကြောင်းရေးရာ ညှိနှိုင်းရေးနဲ့ ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီး Luhut Panjaitan က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံ့တာဝန်တွေကို စစ်တပ်က တာဝန်ယူနေပေမဲ့အရည်အချင်း မပြည့်ဝရင် ဘာကြောင့် သမ္မတဖြစ်ရမှာလဲလို့ပြောပြီး အင်ဒိုနီးရှားမှာလို အရည်အချင်းရှိတဲ့သူ တစ်ယောက်ယောက် နိုင်ငံကို စီမံခန့်ခွဲခွင့်ပေးလိုက်ပါလို့ အင်ဒိုနီးရှားဝန်ကြီးက တိုက်တွန်းပါတယ်။
ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ အဲဒီဝန်ကြီးက ဆွစ်ဇာလန်နိုင်ငံ Davos မြို့၊ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ပြောဆိုခဲ့တယ်လို့ ဇန်နဝါရီ ၁၈ ရက်၊ Bloomberg News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။