◼ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး
စစ်ကိုင်းမြို့ နတ်ခရိုင်နဲ့ လယ်ကြီးရွာ ကြားမှာ တပ်မ (၃၃) ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့
ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးခဲ့ကြောင်း ZERO ပြောက်ကြား တပ်ဖွဲ့ (မြင်းခြံ) က ဇန်နဝါရီ (၁၈) ရက်မှာ ထုတ်ပြန်ထားချက်အရသိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား (၃၀) ပါ ယာဉ်တန်းကို ဇန်နဝါရီ(၁၇)ရက် နေ့လည် (၂) နာရီခွဲ အချိန်က ပဒေသာမိုင်း(၅) လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းထိခဲ့တဲ့ စစ်ကားဟာမောင်းမရအောင် ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီယာဉ်တန်းလမ်းကြောင်းကို ကြိုတင် သတင်းပေးချက်အရ သိရှိထားပြီး အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ သရဲနီအဖွဲ့တို့ က ပူပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။