Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်ဆင်ရေး(၈)ခုခန့်ကို ဒေသခံများ၏အားနည်း ချက်ကြောင့် ဖျက်သိမ်းခဲ့ရသဖြင့် မင်းလှမြို့ ပကဖအဖွဲ့က ထပ်မံသတိပေး

Share this News:

ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရဲ့ သတိပေးချက်ကို ဒေသခံတွေ လိုက်နာမှု အားနည်းတဲ့အတွက်ကြောင့် နှစ်လ အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်မယ့် မစ်ရှင်(၈)ခု ကို ဖျက်သိမ်းခဲ့ရတယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အရသိရသည်။

တပ်တွင်းဖရဲသီးတွေရဲ့ အတိအကျသတင်းပေးတာကြောင့် ပစ်မှတ်ကို တိုက်ခိုက်ဖို့ အတွက် မစ်ရှင် ကိုစီစဉ် ပြီးဖြစ်ပေမယ့် ပစ်ကွင်းတွေထဲကို ပြည်သူတွေ ရောက်ရောက်လာတဲ့အတွက် နောက်ကြောင်းပြန်လှည့်ခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

မြို့ပေါ် ရဲစခန်းကို ဝိုင်းဖို့ အတွက် အားလုံးစီစဉ်ခဲ့ပြီးဖြစ်ပေမယ့် အခု လိုဖြစ်ရပ်တွေကြောင့် ဘာမှ မလုပ်နိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့တာတွေ ၊ ကလေးသူငယ်တွေ ပြည်သူတွေ ၊ ပစ်ကွင်းအထဲကို ရောက်လာတဲ့အတွက် ရှောင်ခဲ့ရတာတွေ အများကြီး ရှိတယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မင်းလှနယ်ထဲကို အရပ်ဝတ်တွေနဲ့ PDF ဟန်ဆောင်ပြီး စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ပြည်သူတွေ အသွားအလာသတိပြုကြဖို့နဲ့ မသင်္ကာ ဖွယ်ရာတွေ တွေ့ရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို သတင်းပို့ကြဖို့ မင်းလှ ပကဖ အဖွဲ့က ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။