Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး သက်ဆိုင်ရာခေါင်းဆောင်များကို မဟာဗျူဟာ-နည်းဗျူဟာ မှန်ကန်ရေး သတိပြုရန်ပြောကြား

Share this News:

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ မဟာဗျူဟာအရ မှန်ကန်ရေး၊ နည်းဗျူဟာအရ မှန်မှန်ကန်ကန်ဖြစ်ရေး သတိပြုကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့ ဆက်လက်အားတင်းရင်း ကြိုးပမ်းကြဖို့ ဇန်နဝါရီ (၁၇) ရက် မှာ ပြုလုပ် တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ တတိယ အကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေး မှာ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောကြားလိုက်တယ်လို့သိရပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်ကောင်စီကို ချေမှုန်း ပစ်နိုင်ရေးဟာ ပထမဦးစားပေးဖြစ်သလို ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရေးဟာလည်း ပထမဦးစားပေးဖြစ် တယ်လို့ ပြောကြားပါတယ်။

NUG အစိုးရ ရဲ့ ဖြစ်တည်မှု ဟာ ပြည်သူလူထု အကျိုးစီးပွားပေါ်မှာ အခြေခံပြီးတော့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတာ ဖြစ်ပြီး ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူ ကို ကိုင်ဆွဲသင့်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက NUG ရဲ့ မူဝါဒဆိုင်ရာ ကိစ္စရပ်ကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ နိုင်ငံအတွင်းက ဖြစ်စဉ်တွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေတာဖြစ်ပြီး တခြားတဘက်ကလည်း နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေတာကို တွေ့ရမှာ ဖြစ်ပြီးတော့ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ် လို့ ပြည်သူတွေ ရုန်းကန် ရှင်သန်နေရတဲ့ ဘ၀ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ က ဆက်လက်ပြောကြားခဲ့ရာမှာ NUG အစိုးရအနေနဲ့ တဖက်မှာ

စစ်အာဏာရှင် စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေသလို တဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို လူထုအတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေကြောင်း ကို မမေ့မလျော့ထည့်သွင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

289
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။