လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့
လောင်းလုံးမြို့နယ် သကျက်တောရွာ နယ်မြေရဲစခန်း ကို တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ နဲ့ ရဲတပ်သားတွေဟာ ဇန်နဝါရီ (၁၃) ရက်မှာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့သိရပါတယ်။
အဲဒီအတွက် လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)နဲ့ ထားဝယ် အထူး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးတွေပြုလုပ်ခဲ့ကြပါတယ်။
နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ပြီးချိန် ဇန်နဝါရီ (၁၆) ရက် ည (၁၁) နာရီ အချိန်မှာ အဲဒီ သကျက်တောရွာ နယ်မြေရဲစခန်း ကို ပူးပေါင်းအဖွဲ့ က မီးရှို့ ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲဒီ ရဲစခန်း အထဲမှာရှိတဲ့ ပင်မဆောင်၊ အိပ်ခန်း၊ တန်းလျားတွေ အပါအဝင် အဆောက်အအုံ ၅ ခု ၊ ဘန်ကာ ၂ ခုတို့ကို ပါ မီးရှို့ ရှင်းလင်းခဲ့တယ်လို့ လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)က ထုတ်ပြန်ထားပါတယ်။