Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

စစ်အာဏာရှင်ကြောင့် အတိဒုက္ခကြုံတွေ့ရတဲ့ မြန်မာအမျိုးသမီးတွေအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲပြုလုပ်

Share this News:

အကြမ်းဖက် စစ်အာဏာရှင်ကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရတဲ့ မြန်မာ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆) ရက် ညနေက ဂရိနိုင်ငံ ရောမမြို့မှာ အီတလီ-မြန်မာအတူတကွ အဖွဲ့အစည်း ( Associazione Italia – Birmania Insieme ) ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


အဲဒီအစီအစဉ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေရဲ့ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဓာတ်ပုံ မှတ်တမ်းတွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြတာတွေကို ရက်စက်စွာဖြိုခွင်ပစ်ခတ်ခဲ့တာတွေ ၊ ရွာတွေကို မီးတင်ရှို့ခဲ့တာတွေ ၊ ကျောင်းသားလူငယ်တွေကို သေဒဏ်ချမှတ်ခဲ့တာတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။


အဲ့ဒီနောက် classical guitar ၊ အီတလီရိုးရာကွာရာသီချင်းတွေနဲ့ ပါဝင်တင်ဆက်ခဲ့ကြပြီး အစီအစဥ်ကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။


ဒီအစီအစဉ်ကို ရောမမြို့က မြန်မာတွေ စိတ်အားထက်သက်စွာလာရောက် ပူးပေါင်းလာရောက်ကြတဲ့အပြင် တိုင်းရင်းသား အကတွေနဲ့ ပါဝင် ခဲ့ကြတာ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးလူငယ်တွေ (GMSR) တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကြမ်း ဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကမ်းပိန်းပိုစတာတွေ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုလုပ်လျက်ရှိတဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်စာတမ်းတွေနဲ့ မြန်မာ့အရေးအတွက် ပါဝင်လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

337
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။