အကြမ်းဖက် စစ်တပ်က ကျေးရွာ များကို (၇)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး ၊ ရွာပေါင်းပေါင်း(၁၀)ရွာခန့် စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူ တွေကို ပုလဲ (ပ.အ.ဖ)အဖွဲ့က ဇန်နဝါရီ (၁၉)ရက်မှာ ထောက်ပံ့ကူညီငွေတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
အခုလိုသွားရောက်ကူညီတဲ့အခါ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အလှူငွေအဖြစ် ငွေကျပ် (၂၇)သိန်းကို ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ် ဟာရွာတွေထဲကိုစစ်ကြောင်း ထိုးမှု တွေကြောင့် ရက်ကန်ကျေးရွာ ၊ ညောင်ရင်းကုန်းကျေးရွာ ၊ သပြေအေးကျေးရွာ ၊ တောင်ရွာသစ်ကျေးရွာ ၊ သရက်လှကျေးရွာ ၊ ကိုးပင်ကျေးရွာနဲ့ ကြောင်ဝံဓူးကျေးရွာ တွေ ဟာ ဇန်နဝါရီ (၁၀)ရက် ကနေ (၁၆) ရက် အထိ (၇) ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
အခုလို မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေအပြင် အနီးနားက ရွာတွေကပါ စစ်ဘေးရှောင်နေကြရပြီး ကျေးရွာ (၁၀) ရွာအထိ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။