Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို PDF တပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

Share this News:

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးမှာ UG တော်လှန်ရေးရဲဘော်ပုံစံ အသွင်ယူပြီး လှုပ်ရှားနေတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ(၂၂)ရက်၊ နေ့လယ်(၁:၄၅)ခန့်မှာ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကြိုတင်သတင်းနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပြီး ကားကို တားဆီးရပ်တန့်ပိတ်ဆို့ဖမ်းဆီးချိန်မှာ လက်နက်တွေနဲ့ ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးသန်းထွဋ်ဟာ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ်စစ်ကြောရေးတာဝန်ခံ အဖြစ်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

စကစဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်မြင့်အောင် တို့နဲ့အတူ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

285
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
257
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
340
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
174
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။