ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးမှာ UG တော်လှန်ရေးရဲဘော်ပုံစံ အသွင်ယူပြီး လှုပ်ရှားနေတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ(၂၂)ရက်၊ နေ့လယ်(၁:၄၅)ခန့်မှာ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကြိုတင်သတင်းနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပြီး ကားကို တားဆီးရပ်တန့်ပိတ်ဆို့ဖမ်းဆီးချိန်မှာ လက်နက်တွေနဲ့ ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဗိုလ်မှူးသန်းထွဋ်ဟာ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်စစ်ကြောရေးတာဝန်ခံ အဖြစ်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
စကစဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်မြင့်အောင် တို့နဲ့အတူ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။