မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးကုသ ပေးနိုင်ဖို့ ရှေ့တန်း ရှေးဦး သူနာပြု သင်တန်းပေးခဲ့ တယ်လို့ မန္တလေး ကျန်းမာရေး မိသားစုရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့တွေကို ရှေ့တန်း ရှေးဦးသူနာပြု သင်တန်းပေးတဲ့အခါမှာ ငွေကြေး အခက်အခဲ နဲ့ သင်ထောက် ကူ ပစ္စည်း လိုအပ်ချက်တွေ ရှိနေတာလည်းဖြစ်ပါတယ်။
အခုသင်တန်းဟာ မန္တလေးကျန်းမာရေး မိသားစု အနေနဲ့ (၉)ကြိမ်မြောက် ဖြစ်ပြီး တော်လှန်ရေးအတွက် ဆေးတပ်သားတွေ မွေးထုတ် ပေးနေတာဖြစ်တယ် လို့ မန္တလေး ကျန်းမာရေးမိသားစု ကထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးက PDF တွေအတွက် ရှေ့တန်းရှေးဦး သူနာပြု သင်တန်းကို မန္တလေးကျန်းမာရေး မိသားစုအနေနဲ့ အွန်လိုင်းကတဆင့် (၂၃)ကြိမ်ပို့ချပေးထားပြီး ဖြစ်တယ်လို့သိရပါတယ်။