မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Pauk Newsletter Page ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့ အနီး ကျသိုက်ရွာ ဘက်ကနေ တောက်လျှောက် စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီနောက် ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ရွာကို ဇန်နဝါရီ (၂၃) ရက် မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ပေါက်မြို့နယ် ဟာ အကြမ်းဖက် စစ်ကေင်စီရဲ့ မီးရှို့ဖျက်ဆီးခြင်း အများဆုံးခံရတဲ့ မြို့နယ် တခု လည်းဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၉၈၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို မီးရှို့ခံရတဲ့အခြေအနေဟာ တနိုင်လုံး အတိုင်းအတာအနေနဲ့ တတိယနေရာမှာ ရှိနေတယ်လို့ Pauk Newsletter Page က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဇီးပြားရဲစခန်းကို ဇန်နဝါရီ (၁၈) ရက် မှာသွားရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။