Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့် တပ်သား ရဲဘော် နွေဦး ကို NUG ကစနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

Share this News:

အကြမ်းဖက် စစ်ကောင်စီ ရဲ့ဗိုလ်မှူးကြီး အဆင့်ကစပြီး တပ်ခွဲမှူး ၊ ရဲဘော်အဆင့်အထိ ရန်သူအယောက် ၅၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ ရဲဘော်နွေဦး ကို NUG ၀န်ကြီးဦးလွင်ကိုလတ်က ဇန်နဝါရီ (၂၄)ရက်မှာ စနိုက်ပါသေနတ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို တောင်ငူ ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ရင်းအမှတ် – ၃၅၀၂ တပ်ခွဲ(၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲဘော်နွေဦး(ခ) ဖိုးလုံးကိုတပ်ရင်း (၃၅၀၂)ရဲ့တပ်ရင်းမှူးကတဆင့် စနိုက်ပါ (388) ကို ချီးမြှင့်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ERO အဖွဲတခုဆီက စနိုက်ပါအသေးတစ်လက်ကို ဆုချီး မြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်လို အန္တရာယ်များတဲ့နေရာတွေမှာလည်း ကိုယ်တိုင် ၀င်ရောက်ပစ်ခတ်နေတာဖြစ်ပြီး မိမိ ရဲဘော်တွေကို လက်တွေ့သင်ကြားပေးနေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။

ရဲဘော်နွေဦး သုတ်သင်ရှင်းလင်းခဲ့တဲ့ ရန်သူတွေထဲမှာ ဗိုလ်မှူးကြီးအဆင့်ကနေ တပ်ခွဲမှူး၊ ရဲဘော်အဆင့်အထိ စုစုပေါင်း (၅၇)ယောက်ကိုရှင်းလင်း ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ကို ပိုမိုချေမှုန်း တိုက်ခိုက် သွားမှာဖြစ်ပြီး မြိုပေါ်တိုက်ပွဲတွေအတွက်လည်း တိုက်ခိုက်ဖို အသင့်ဖြစ်ပြီလိုသိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

270
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
256
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
173
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။