◾မြို့ပေါ်ဆိုင်များပိတ်ထားရ ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ်ခွဲအတွင်း မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြို့ခံတွေ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကော့ကရိတ်မြို့နယ် ကော့ဘိန်း ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ (၁၆) ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် မှာ အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ကော့ကရိတ်မြို့ အနီး ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေပြီး ဇန်နဝါရီ (၂၄) ရက် က ပစ်ခတ်မှုများတွင် ကမ်းနီရွာက နေအိမ် အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
လက်ရှိ အခြေအနေများအရ ကျုံဒိုးမြို့ပေါ်ရှိ စျေးဆိုင်များပိတ်ထားကြပြီး ဒေသခံအချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။