Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက် စစ်ကောင်စီ ထံ တရုတ်နဲ့အိန္ဒိယ တို့လက်နက်ရင်းနှီးမြှုပ်နှံ့ရောင်းချမှု ကန်ဒေါ်လာ ၁.၃ ထရီလီယံရှိနေ

Share this News:

◼တရုတ်နဲ့အိန္ဒိယ ကုမ္ပဏီ တွေကို ​စစ်ကောင်စီကိုလက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး နော်ဝေဓနသဟာရ ရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက် အရေးယူ

​အကြမ်းဖက်စစ်ကောင်စီကို လက်နက်တွေရောင်းချတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့အိန္ဒိယ ကုမ္ပဏီ နှစ်ခုကို နော်ဝေဓနသဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက် အရေးယူလိုက်တယ်လို့ ဇန်နဝါရီ (၂၅)ရက်မှာ နော်ဝေ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီ ဟာ တရုတ်နိုင်ငံ AviChina ကုမ္ပဏီ ကနေ အပေါ့စား တိုက်လေယာဥ် နဲ့ အိန္ဒိယ Bharat Electronics ကုမ္ပဏီဆီက အဝေးထိန်းစနစ်သုံး လက်နက်တွေ ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်နဲ့ ဒီဇင်ဘာ တို့က မှာယူ
တင်သွင်းခဲ့ပါတယ်။

အဲဒီ တရုတ်နဲ့အိန္ဒိယ ကုမ္ပဏီ တွေဟာ အခုလို အကြမ်းဖက် စစ်ကောင်စီကို လက်နက်ရောင်းချနေတာကို လက်ခံနိုင်စရာမရှိတာကြောင့် နော်ဝေနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ် ဖျက် အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နဲ့အိန္ဒိယ ကုမ္ပဏီနှစ်ခုရဲ့ စုစုပေါင်းရင်းနှီးမြှုပ် နှံမှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ကန် ဒေါ်လာ ၁.၃ ထရီလီယံ ရှိတယ်လို့ သိရပါတယ်။

ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှ မဟုတ် စနစ်တကျ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ဘယ် ကုမ္ပဏီ မဆို ခုလိုအရေးယူမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ နော်ဝေဗဟိုဘဏ်က ပြောကြားထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။