Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက် စစ်ကောင်စီ ရဲ့ မတူပီနယ်မြေအတွင်း ရွေးကောက်ပွဲပြင်ဆင်မှုကို CDF-Matupi က တိုက်ခိုက်တားမြစ်

Share this News:

◼ အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းများကို CDF တိုက်ခိုက်နိုင်ခဲ့ ၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုများပြား


အကြမ်းဖက် စစ်ကောင်စီ က မတူပီမြို့နယ်အတွင်းရှိ နယ်မြေတွေကို ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေတာကို ဟန့်တားတဲ့ အနေနဲ့ CDF – Matupi တပ်ဖွဲ့က မတူပီ – ပလက်ဝလမ်း ၊ မတူပီ – မင်းတပ်လမ်း၊ မတူပီ – ဘွေရာလမ်း၊ မတူပီ-ဟားခါးလမ်း တွေမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ် တွေ ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ (၂၇) ရက်မှာ CDF – Matupi ရဲ့ သတင်းနဲ့ ပြန်ကြား ရေး က ထုတ်ပြန်ထားချက်အရသိရပါတယ်။

CDF-Matupi


မတူပီ – ဘွေရာလမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကင်းစခန်းတခုကို CDF-Matupi က ဇန်နဝါရီ (၂၅) ရက် မနက် ၄ နာရီခွဲ အချိန်က တိုက်ခိုက်ခဲ့တဲ့အခါမှာ စစ်ကောင်စီဘက် က အများအပြားဒဏ်ရာရရှိခဲ့ တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီဘက်က (၁၈) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပြီး CDF-Matupi ဘက်ကရဲဘော်(၁) ဦး နဲ့ ပြည်သူ (၂) ဦးတို့ လည်း ထိခိုက်ကျဆုံးခဲ့ရပါတယ်။


CDF – Matupi တပ်ဖွဲ့ အနေနဲ့လည်း ကျန်ရဲဘော်များ အထိအခိုက်မရှိအောင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ဖော်ပြ ထားတာဖြစ်ပါတယ်။


အခုလို အခြေအနေတွေကြောင့် မိဘပြည်သူတွေအနေနဲ့ CDF – Matupi ရဲ့ ခွင့်ပြုချက်မရဘဲ နဲ့ ခရီး သွားလားခြင်းတွေ မပြုလုပ်ကြဖို့အတွက်ကိုလည်း (အထူး) သတိပေးချက် အနေနဲ့ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

290
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။