Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်တပ် ခင်ဦးနယ်က အလယ်လျှိုရွာ ကို မီးရှို့ဖျက်ဆီး ၊ PDF အဖွဲ့ နှင့် နှစ်ဘက် ထိတွေတိုက်ပွဲဖြစ်ပွားကာ စစ်ကူဆယ်ဘီးကားကို မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့

Share this News:

◼ ရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူ (၁၉) ဦး နဲ့ သံဃာ (၅)ပါးတို့ကို PDF တပ်တွေက ဘေးလွတ် ရာကို ကယ်ထုတ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် က အလယ်လျှိုရွာကို တပ်စွဲထားတဲ့ အကြမ်းစစ်ကောင်စီတပ်တွေ နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ဇန်နဝါရီ (၁) ရက် ညနေ ၄ နာရီ မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Mother hero Local PDF က ဇန်နဝါရီ (၂၇) ရက်မှာ ထုတ်ပြန်ချက်အရသိရပါတယ်။


နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတဲ့အတွက် အဲဒီနေ့ ညနေ ၅ နာရီအချိန်မှာ ရွာထဲက ဒေသခံများရဲ့ နေအိမ်တွေကို စစ်ကေင်စီက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။


စစ်ကောင်စီ မီးရှို့ဖျက်ဆီးတဲ့အတွက် ကျေးရွာအတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူ (၁၉) ဦး နဲ့ သံဃာ (၅)ပါးတို့ကို PDF တပ်တွေက ဘေးလွတ် ရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။


အဲဒီလို တိုက်ပွဲတွေ ဖြစ်နေချိန် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ဆယ်ဘီးကား ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ Mother hero Local PDF က ပြောပါတယ်။


အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကျည်ဆန်တွေ ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ နဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ဆယ်ဘီးကား ဟာလည်း မိုင်းထိထားတာကြောင့် ကားကိုထားခဲ့ကြပြီးထွက်ပြေးသွားကြတာဖြစ်ပါတယ်။


အလယ်လျှိုကျေးရွာ ထဲက အကြမ်း ဖက် စစ်ကောင်စီ နဲ ပျူစောထီးတွေက ရွာရဲ့ အရှေ့ထိပ်နှင့် အနောက်ထိပ် ကို (မီး လောင်ပြင်) အဖြစ် ပြုလုပ်ကာ မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။


အလယ်လျှို ရွာအလယ်ပိုင်း မှာ နှစ်ဘက်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုခဲ့ကြတာဖြစ်ပြီး အဲဒီတိုက်ပွဲဟာ အချိန် (၅) နာရီ ကြာမြင့်ခဲ့ပြီးတော့ ည (၉) နာရီမှာ တိုက်ပွဲ ပြီးဆုံးခဲ့တယ် လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။