Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

NUG အစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ရင်း ၊ တပ်ခွဲ ခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေး ပြုလုပ်

Share this News:

အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကွဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က အခြေခံရုံးလုပ်ငန်းတွေအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ (၂၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ (S.O.F) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ရဲ့ တပ်ဖွဲ့ ရုံး ၊ တပ်ရင်း ၊ တပ်ခွဲ ခေါင်းဆောင်တွေနဲ့ ရုံးအဖွဲ့ဝင်တွေကို တပ်ဖွဲ့ရဲ့ ရုံးချုပ်ကို ဖိတ်ခေါ်ပြီး ဦးစီးတာဝန်နဲ့ အခြေခံရုံးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲဟာ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ဖွဲ့စည်းပုံ နဲ့ မူဝါဒ ဆိုင်ရာတွေ ရုံးအဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ တာဝန်၀တ္တရားတွေ ၊ တပ်တွင်းစည်းမျဉ်းစည်းကမ်း တွေ ၊ ရုံးလုပ်ငန်းစဉ်တွေ အပြင် ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး အစရှိတာတွေကို ပါ ဆွေးနွေး အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ရှေ့တန်း စစ်မျက်နှာပြင် ရောက်ခေါင်းဆောင်တွေကလွဲပြီး တပ်ရင်း ၊ တပ်ခွဲတွေက တပ်ဖွဲ့ခေါင်းဆောင် (၂၀) ဦး တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ပထမကြိမ်အလုပ်ရုံအစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင် (၂ ) ရက် ကနေ (၄) ရက်အထိ သုံးရက်အကြာပြုလုပ်ခဲ့ ပြီးဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁၇) ရက်ကနေ (၃၁) ရက်အထိ ၅ ရက်အကြာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။