Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာ

Share this News:

နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှု မရှိတာကြောင့် သူတို့ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးကနေ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ်ပေါင်း ၃၁၅ နယ်၊ အမျိုးသား လွှတ်တော်မှာ မဲဆန္ဒနယ်ပေါင်း ၁၆၁ နယ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ မဲဆန္ဒနယ် ပေါင်း ၆၁၂ နယ်နဲ့ တိုင်းရင်းသားလူမျိုးများဆိုင်ရာမဲဆန္ဒနယ် ၂၉ နယ်ကနေ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦး ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး နိုင်ငံတော် အာဏာကို အဓမ္မလုယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ၂ နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၂၃၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ဖမ်းဆီးထားစဉ်မှာပဲ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိပြီး အဲ့ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးတွေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးပြီး ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်တာဟာလည်း အကြိမ် ၁၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်နေပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နဲ့ စစ်ကောင်စီကကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုနိုင်ငံတကာဥပဒေတွေနဲ့အညီဖော်ထုတ်အရေးယူနိုင်မယ်လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

289
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
260
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
341
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
176
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။