Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

တရားမဝင်ရွေးကောက်ပွဲ အတွက် အိမ်ထောင်စု စာရင်းကောက်နေတဲ့ ရာအိမ်မှူး နဲ့ ပျူစောထီး တို့ကို ပဲခူး PDF ပစ်ခတ်

Share this News:

ပဲခူးတိုင်း သဲကုန်းမြို့နယ် နဲ့ ကျောက်တံခါး မြို့နယ်တို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ကို လိုက်ပါကူညီပြီး အိမ်ထောင်စုစာရင်းတွေ ကောက်ယူပေးနေတဲ့ စစ်ကောင်စီရဲ့​ အဓိက ဒေါက်တိုင်တွေဖြစ်တဲ့ ရာအိမ်မှူးနဲ့ ပျူစောထီး တို့ကို ပဲခူးတိုင်း မြို့ပြပျောက်ကြား အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ဇန်နဝါရီ (၂၇) ရက် က ပစ်ခတ် လိုက်ရာ သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ (၂၈) ရက်မှာ Bago Region PDF ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


တရားမဝင်ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းတွေကို ပဲခူးတိုင်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကန့်လန့်ကုန်းအုပ်စု အိုင်ကုန်းရွာ နဲ့ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာတို့မှာ လိုက်လံကောက်ခံနေတာဖြစ်ပါတယ်။

သဲကုန်း မြို့နယ် အိုင်ကုန်းရွာ ရာအိမ်မှူး နဲ့ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာက ပျူစောထီး တို့ဟာအကြမ်းဖက်စစ်ကောင်စီရဲ့ အမာခံတွေ ဖြစ်ပြီး ကျေးရွာနေပြည်သူတွေကို ခြိမ်းခြောက်ခြင်း ၊ ဆတ်ကြေးကောက်ကာ စစ်ကောင်စီထံ ပေးသွင်းခြင်း ၊ တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး အိမ်ထောင်စု စာရင်းများ ကောက်ယူခြင်းတို့ကို လုပ်ဆောင်နေတဲ့အတွက်ပစ်ခတ် လိုက်ရတာဖြစ်တယ်လို့ Bago Region PDF က ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပူးပေါင်းဆောင်ရွက်တဲ့ မည်သူကို မဆို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်ပကဖတွေက သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

270
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
255
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
338
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
173
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။