Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

မြန်မာနိုင်ငံရှိ စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူများကို အကူအညီပေးနိုင်ရန် ရန်ပုံငွေ အထူးတရားပွဲ ဘန်ကောက်တွင် ကျင်းပမည်

Share this News:

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စူစဝပ် 74 လမ်းရှိ ဝပ်ချုံကျောင်းတိုက်မှာ မြန်မာနိုင်ငံရှိ စစ်ဘေးနဲ့ မီးဘေးသင့်ပြည်သူများကို အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) ရဲ့ အထူးတရားပွဲကို ဇန်နဝါရီ (၂၉)ရက်၊ ညနေ (၆)နာရီခန့်မှာ စတင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ဆရာတော် အရှင်ထာဝရ ဟာ ဥရောပနိုင်ငံတွေ အပါအဝင် ဂျပန်၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေသို့ ကြွရောက်၍ အထူးတရားပွဲတွေပြုလုပ်ပြီး ရရှိသမျှ အလှူငွေတွေကို မီးဘေး၊ စစ်ဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းနေတာ ဖြစ်ပါတယ်။

“စစ်ကိုင်းက ဘုန်းဘုန်းတို့ ပြည်သူတွေ ဒုက္ခ အတိရောက်နေကြတယ်၊ နေ့စဥ် လူရာနဲ့ချီပြီး ဘုန်းဘုန်းဆီမှာ အကူအညီတောင်းနေကြတယ်၊ ဘယ်လိုနှလုံးသားနဲ့ ဘုန်းဘုန်းတို့ မျက်နှာလွှဲလို့ရမှာလဲ၊ ပြည်သူတွေက လှူဒါန်းတဲ့အလှူငွေနဲ့ပဲ တနေ့ကို ကျပ်သိန်းတရာလောက် လိုအပ်တဲ့နေရာတွေကို မဖြစ်မနေ ပို့နေရတယ်”လို့ ဆရာတော် အရှင်ထာဝရ(နော်ဝေ)က မိန့်ပါတယ်။

ဆရာတော် အရှင်ထာဝရက မဲဆောက်မြို့သို့ ဇန်နဝါရီ ၂၅ ရက်မှာ ကြွရောက်ခဲ့ပြီး CDM ကျောင်းဆရာအချို့နဲ့ CDM စစ်သားအချို့တို့ကို သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး စားနပ်ရိက္ခာနဲ့ အလှူငွေအချို့ ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်၊ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေရဲ့ GED စာမေးပွဲကြေးအတွက် ကနဦး အလှူငွေ USD (၁၆၀၀) ခန့်၊ ဒဏ်ရာရ PDF စစ်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့အစည်းတခုကို ကျပ်ငွေ သိန်း ၁၀၀ ခန့်နဲ့ ဘတ်ငွေ (၂၀၀၀၀) ခန့်တို့ကို ဇန်နဝါရီ ၂၇ ရက်မှာ ​သွားရောက်တွေ့ဆုံပြီး ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။