◾အိမ်ဆောက်ရန် ကျန်ရှိ အိမ်ထောင်စု (၆၀၀) ကျော်အတွက်ပြည်သူများ အနေနဲ့ ပူးပေါင်းပါဝင်ပေးစေလို
စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီ ရဲ့ မီးရှို့ဖျက်ဆီးခံရတာ ကြောင့် ဆုံးရှုံးခဲ့ရတဲ့ နေအိမ်ပိုင်ရှင်တွေအတွက် နေအိမ် အလုံးတထောင် ကို ပြန်လည်တည်ဆောက် လှူဒါန်းပေးနေတယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆီက သိရပါတယ်။
လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေ ပြန်လည်နေထိုင်ဖို့အတွက် နေအိမ် အလုံး (၃၀၀) ကျော် ဆောက်လုပ်လှူဒါန်းပြီးစီးနေပြီဖြစ်တယ်လို့ S&C အဖွဲ့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဘယ်နေရာမဆို လက်လှမ်းမီသလောက် ကူညီပေးနေတာဖြစ်ပြီး နေရာဒေသသတ်မှတ်ထားတာမျိုးမရှိဘူးလို့ သိရပါတယ်။
အိမ်တလုံးစာ အနေနဲ့ လှူဒါန်းချင်တယ်ဆိုရင် တန်ဖိုး နှစ်သိန်းသုံးသောင်းကျပ်နဲ့ လှူဒါန်းနိုင်မှာဖြစ်ပါတယ်။အခုလိုလှူဒါန်းတာကိုလည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ က ပြောပါတယ်။
လက်ရှိမှာ ဆက်သွယ် အကူညီတောင်းခံလာတဲ့ မီးဘေးသင့် ကျေးရွာပေါင်း ၆၀ ကျော် ရှိနေပြီး အိမ်ထောင်စုပေါင်း ၂၈၆၀ ရှိပါတယ်။ ကျန်ရှိနေတဲ့ အိမ်ထောင်စု (၆၀၀) ကျော်အတွက်ကိုလည်း ပါဝင်ပေးကြနိုင်ဖို့ကို လည်း S&C က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက မီးဘေးသင့် ကျေးရွာပေါင်း ၃၀ ကျော် ရှိပြီး အိမ်ထောင်စု ၁၂၀၀ ကျော်အတွက်ကိုလည်း ဆေးဝါး၊ စောင်၊ ခြင်ထောင် ၊ အစားအစာ တွေကို ပေးအပ်ဖို့စီစဉ်ထားတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု (၅၀၀) ကျော်အတွက်ရရှိထားပြီးဖြစ်ကာ လိုအပ်တဲ့နေရာတွေကို လက်ဝယ်အရောက် ပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။
S&C အဖွဲ့ရဲ့ စီစဉ်မှုနဲ့ အခု အချိန်ထိ စာသင်ကျောင်းပေါင်း (၈) ကျောင်းဖွင့်လှစ်ထားနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း (၁၂) ကျောင်းကို တိုးချဲ့ဖွင့်လှစ်သွားဖို့စီစဉ် နေတယ်လို့ S&C အဖွဲ့ဆီက သိရပါတယ်။