Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ကရင်အမျိုးသားများနဲ့အတူ တိုင်းရင်းသားပြည်သူတရပ်လုံး က အကြမ်းဖက် စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်သွားမည်

Share this News:

ကရင်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရင်း အသက် ၊ ကိုယ်လက်အင်္ဂါများစွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ ၊ ကရင်သူရဲကောင်းများ နဲ့ ကရင်ပြည်သူတွေကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုအပ်ပါကြောင်းကို ဇန်နဝါရီ (၃၁) ရက်မှာ ပြုလုပ်တဲ့ (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ကို ပေးပို့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိတယ်လို့သိရပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ အတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ကိုယ်ပိုင် ပြဌာန်းခွင့် ၊ တန်းတူအခွင့်အရေး ရရှိရေးနဲ့ တရားမျှတမှုတို့ ကို လက်တွဲညီညီ အားထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က သဝဏ်လွှာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

ယနေ့ အချိန်အခါဟာ ကရင်အမျိုးသားများနဲ့ အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့
စစ်အာဏာရှင်စနစ်ဆိုးနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးသွမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို ကျော်လွှားနိုင်ဖို့ တတိုင်းပြည် လုံး အာဏာသိမ်းစစ်ကောင်စီ ကို ဟန်ချက်ညီစွာနဲ့ ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေတဲ့ အချိန်ကာလဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

KNUဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ်ပြီး ၊ မိမိတို့ ရဲ့ ရည်မှန်းချက် ပန်းတိုင်ပြီးမြောက်အောင်မြင်သည်အထိဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

338
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
284
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
366
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။