Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

နော်‌ဝေး နိုင်ငံ Peace Research Institute Oslo (PRIO) က အဆိုပြုတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် (၅) ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

Share this News:

နော်‌ဝေး နိုင်ငံ Peace Research Institute Oslo (PRIO) က အဆိုပြုတဲ့ ၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် ဆန်ခါတင် (၅) ဉီးစာရင်းမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ပါဝင်နေတယ်လို့ ဖေဖေါ်ဝါရီ (၁) ရက်မှာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများ ကို စိစစ်ရာမှာ အခုလို ဆန်ခါတင် (၅) ဦးစာရင်း မှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

အခုနှစ် ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းရဲ့ (၇၅)နှစ်မြောက်ဖြစ်တာ‌ကြောင့် နိုဘယ်ငြိမ်းချမ်းရေး အတွက် ဆန်ခါတင် စာရင်း ဟာ လူ့အခွင့်အရေးနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal က ပြောပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးအတွက် ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ချိန်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့် နဲ့ တိုက်ဆိုင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဟာ မြန်မာစစ်တပ် ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာသိရှိစေရန် အချိန်နဲ့ တပြေးညီ ကုလသမဂ္ဂကို အစီရင်ခံ တင်ပြနေတဲ့သူလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ မြန်မာ့နွေဦးတော်လှန်ရေး ရဲ့ တပ်ဦးနေရာမှ ဦးဆောင်နေပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီ အင်အားစုများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ အစရှိတဲ့ အဖွဲ့အစည်း၊ အင်အားစုတွေကို ပေါင်းစပ် ဖွဲ့စည်း ထားတဲ့ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ရေး နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တယ်လို့သိရပါတယ်။

ဆန်ခါတင် ၅ ဦးစာရင်းမှာ ပါဝင် တဲ့သူတွေကတော့ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ သတင်းထောက် Narges Mohammadi နဲ့ အာဖဂန်သတင်းထောက် Mahbouba Seraj ၊ ဦးကျော်မိုးထွန်း နဲ့ NUCC၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ ဖိလစ်ပိုင်နွယ်ဖွား ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Victoria Tauli-Corpuz နဲ့ အီကွေဒေါ ဒေသခံပြည်သူတွေအတွက် အခွင့်အရေးတက်ကြွလှုပ်ရှားသူ Juan Carlos Jintiach ၊ လူ့အခွင့်အရေး အချက်အလက် ဆန်းစစ်ရေးအဖွဲ့ တို့ ဖြစ်ပါတယ်။

အခုစာရင်းဟာ (PRIO)ဒါရိုက်တာကအဆိုပြု​တဲ့ စာရင်းသာဖြစ်ပြီး နိုဗယ်ဆု​ရွေးချယ်​ရေးအဖွဲ့ရဲ့ ဆန်ကာတင်စာရင်း မဟုတ်​သေးတဲ့အတွက် နိုဗယ်ဆုများအတွက် သက်ဆိုင်ရာပညာရှင်များ အဖွဲ့အစည်းများကအဆိုပြုစာရင်းများ​ပေးပို့နိုင်ကြတယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

265
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
251
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
335
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
171
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။