Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဝက်လက်မြို့နယ်ထဲက ရွာများ ကို စစ်ကောင်စီ ကတလအတွင်းအိမ်ခြေ ၂၀၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့

Share this News:

■ အိမ်စီးကား ကို စစ်ကောင်စီ ပစ်ခတ်သဖြင့် ယာဥ်ပေါ်ပါ ကလေးငယ် (၁)ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွာများကို အကြမ်းဖက် စစ်ကောင် စီ က ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့ တာကြောင့် ဒေသခံ အိမ်ခြေ ၂၀၀၀ နီးပါး မီးလောင်ဆုံး ရှုံးခဲ့ ရတယ်လို့ Wetlet Informational Network အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အဲဒီလိုမီးရှို့ဖျက်ဆီးခံရတာအပြင် ကလေးငယ်တဦး အပါအဝင် ဒေသခံ ငါးဦးတို့ပါ ပစ်ခတ် သတ်ဖြတ် ခံ ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo- Wetlet Informational Network | ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။

ဝက်လက်မြို့က ထွက်လာတဲ့ မိသားစု တစုရဲ့ အိမ်စီးကားတစီးကို စစ်ကောင်စီတပ်က ပစ်ခတ် ခဲ့တဲ့ အတွက် ကားပေါ်ပါ (၁)နှစ်အရွယ် ကလေးငယ် သေဆုံးရတာ ဖြစ်တယ်လို့ Wetlet Informational Network အဖွဲ့က ကထုတ်ပြန်ထား ပါတယ်။


သေဆုံးခဲ့ရတဲ့ ဒေသခံတွေ ၅ ဦး အနက် သုံးဦးမှာ ခေါတောရွာ၊ ပင်းဇင်း ရွာ၊ သဖန်းကုန်းရွာ တွေက ဖြစ်တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။


ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဝက်လက်မြို့နယ်အတွင်းမှာ အိမ်ခြေအတိအကျမသိရ သေးတဲ့ရွာတွေ အများအပြားရှိနေသေးတယ် လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။

ဝက်လက်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော် လှန်ရေးအင် အားစုတွေ မကြာခဏတိုက်ပွဲ
တွေဖြစ်ပွား ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ တွေများပြား နေတယ်လို့သိ ရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။