■တာတိုင်ရွာကိုလည်း စစ်တပ်က စစ်ကြောင်းထိုး ၀င်ရောက်မီးရှို့ သဖြင့် အိမ်ခြေ(၆၀)ကျော်မီးလောင်ပျက်စီး
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ တံတားဉီး ရွာကနေအိမ် တအိမ်ကို ဝင်ရောက်ရှာဖွေပြီး အဲဒီရွာအနီးတဝိုက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့တာကြောင့် အသက်(၆) နှစ်အရွယ် ကလေးငယ် တဦးကို ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၃)ရက်မှာ SGG- စစ်ကိုင်း သတင်းမှန် ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက် အရသိရ ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ တံတားဦး နဲ့ တာတိုင်ရွာတွေမှာ ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တာတိုင်ရွာကို ပစ်ခတ်ခဲ့ပြီး မီးပါရှို့ခဲ့တဲ့အတွက် အိမ်ခြေ(၆၀) ခန့် မီးလောင်ဆုံး ရှုံးခဲ့ရတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာတွေထဲကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ တိုက်စွန် ဒေသ ကာကွယ်ရေး တပ်ကလည်း စစ်ကောင်စီတပ် အထိုင်လုပ်ထားတဲ့ ညောင်ပင်ဝန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SGG- စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး က သတင်းထုတ်ပြန်ထားပါတယ်။