စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုများက ဖေဖော်ဝါရီလ (၃)ရက်၊ နေ့လယ် (၃:၄၅)နာရီခန့်မှာ ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဥ်တစင်းအပြင် စစ်ကောင်စီ တပ်သား (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။