ဖက်ဒရယ်ပြည်ထောင်စုကိုလိုလားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆိုလက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) က ဇန်နဝါရီ (၁၉) ရက် မှာ ထုတ်ပြန်ထားချက်အရသိရပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွက်အလိုအပ်ဆုံးအရာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ရေရှည် တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး ဖြစ် ကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ပြီး အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး နဲ့ လူမျိုးဘာသာမရွေး တိုင်းရင်းသား လူမျိုးတိုင်း၏ သမိုင်း ပေးတာဝန်ဖြစ်တဲ့အတွက် စုပေါင်းတာဝန်ယူဖြေရှင်းရ မှာ ဖြစ်တယ် လို့ သိရပါတယ်။