◼ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများပြား၊ စစ်ကောင်စီတပ်များအထိနာပြီး အနီးနားရွာများကို မီးရှို့ဖျက်ဆီးခဲ့
မကွေးတိုင်း ပခုက္ကူမြို့ရှိ တပ်မ (၁၀၁) က ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ကန်တော်ကျေးရွာနှင့် ကမ္မမြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ အဖွဲ့ နဲ့ ကင်းပုန်း၀ပ် စောင့်နေတဲ့ပျူစောထီးအဖွဲ့ဟာ အနီးအနားက ကျေးရွာကို ပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ် နဲ့ ပခုက္ကူ ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ ၊ ဆားကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်အိမ်ခြေ (၁၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ် ။
အကြမ်းဖက် စစ်ကောင်စီ ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူ၂,၀၀၀ ခန့် ဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းကို ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတယ် လို့သိရပါတယ်။