ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ (၂) လမ်းမှာ ရွေးကောက်ပွဲအတွက် ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်ယူရာမှာ ပါဝင်ခဲ့တာကြောင့် မြို့ပြတော်လှန်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ (၃)ရက် ညနေပိုင်း မှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာနေထိုင်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးဆိုသူဟာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်တယ်လို့သိရပါတယ်။
သူရဲ့ နေအိမ် လှေကားအဆင်းမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။