Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတော်အာဏာကို အရေးပေါ်ကာလသတ်မှတ်ပြီး သက်တမ်းတိုးခြင်းအပေါ် အမေရိကန် က ပြင်းပြင်းထန်ထန်ကန့်ကွက်

Share this News:

◼ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် စစ်ကောင်စီ ရဲ့ အစီအစဉ်တွေကို အမေရိကန် ရှုံ့ချ

နိုင်ငံတော်အာဏာကို နောက်ထပ် (၆)လ သက်တမ်းတိုးဖို့ လုပ်ဆောင်တဲ့ကိစ္စကို အမေရိကန် က ဖေဖေါ်ဝါရီ (၄) ရက်မှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူNed Price က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပြင်းပြင်းထန်ထန်ကန့် ကွက်လိုက်တယ်လို့သိရပါတယ်။

မြန်မာစစ်ကောင်စီ ရဲ့ ကာလုံခေါ်ကာ နိုင်ငံကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီးနောက်မှာ နိုင်ငံတော်အာဏာကို နောက်ထပ်(၆)လ သက်တမ်းတိုးခဲ့တဲ့ ကိစ္စကို အမေရိကန် က ဖေဖါ်ဝါရီ(၄)ရက်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြောင်း ထုတ်ပြန်‌ကြေညာခဲ့ပါတယ်။

အခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုကို သက်တမ်း ရှည်ကြာအောင် ပြုလုပ်တာဖြစ်နေပြီး ဒီကိစ္စဟာ မြန်မာပြည်ကိုထိခိုက်စေတယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ကာလုံ အစည်းအ‌ဝေးပြုလုပ်နေစဉ် ။

ဒါ့အပြင် မြန်မာ့အရေးကို ပံ့ပိုးကူညီနိုင်ဖို့ နဲ့ အားလုံးပါ၀င်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် အမေရိကန်အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) မှာပါရှိတဲ့ ကတိကဝတ်တွေ ကိုဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ရမှာ ဖြစ်ပြီး အဲဒါကိုလုပ်ဆောင်ဖို့အတွက် ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်ပြီး
ရွေးကောက်ပွဲအတွက်ပြုလုပ်သွားမယ့် စစ်ကောင်စီ ရဲ့ အစီအစဉ်တွေကို ရှုံ့ချရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဟာ အကြမ်းဖက်မှုနှင့် မတည်မငြိမ်မှုကို ပိုမိုဆိုးရွားစေပြီး မြန်မာပြည်နဲ့ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

255
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
211
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
332
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
168
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။