◼ KNU နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ က ဂျက်တိုက်လေယာဉ်နဲ့ (၂၄) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့
◼ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ပြည်သူ (၁၄)ဦးသေဆုံးကာ (၁၁) ဦးဒဏ်ရာရရှိခဲ့
(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းတိုက်ပွဲပေါင်း (၂၀၀) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၄၇) ဉီးသေဆုံးခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၄) ရက်မှာ တပ်မဟာ (၅) ရဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီ က ဂျက်တိုက်လေယာဉ်နဲ့ (၂၄) ကြိမ်တိုင် ဗုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး
စက်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ပစ်ခတ်တာကြောင့် ဒေသခံများ နေအိမ် (၅၀) ကျော် ထိမှန် ပျက်စီးခဲ့ပြီး မီးလောင်ပြာကျခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နောက်လိုက် BGF တပ်ဖွဲ့ဝင်(၄၇) ဦးသေဆုံးပြီး (၅၅) ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးတဉီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တန်းလျား (၆) လုံးနဲ့ စစ်သုံးမော်တော်ယာဉ် တစီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားတာပါ။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ပြည်သူ (၁၄)ဦးသေဆုံးကာ (၁၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
မီးလောင်ပြာကျခဲ့ တဲ့ အဆောက်အဦးတွေထဲမှာ ဆေးရုံဆေးခန်း (၄)လုံး ဘာသာရေးအဆောက်အဦး နဲ့ဘုရားကျောင်းကန် (၄)ခု ပါ ဝင်တယ် လို့သိရပါတယ်။