Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

Mi-17တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ပစ်ချနိုင်တဲ့လက်နက်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန အသုံးပြုနေပြီဖြစ်

Share this News:

◼ တိုက်လေယာဉ်များ ဝင်ချိန်-ထွက်ချိန်ကို အတိအကျသိနိုင်မယ့်စနစ် တခု ရရှိအောင်ကြိုးစားနေဟု
ကာကွယ်ရေး ဝန်ကြီးပြောကြား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဖြစ်တဲ့ ဂျက်တိုက်လေယာဉ်တွေကို ဟန့်တားဖို့ အခက်အခဲရှိနေပေမယ့် စစ်ကောင်စီရဲ့ ‌ တိုက်ခိုက်ရေးနဲ့ ထောက်ပို့အဖြစ်အသုံးပြုနေတဲ့ ရဟတ်ယဉ်မျိုးတွေကို ဟန့်တား ထိန်းချုပ်နိုင်ဖို့ ထိုက်သင့်တဲ့စစ်လက်နက်ပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ က ကိုင်တွယ်အသုံးပြုနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနက ဦးရည်မွန်က ဖေဖေါ်ဝါရီ(၅)ရက်မှာ”Myanmar Global Town Hall 2023 “ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်” ကနေ ပြောကြားခဲ့တယ်လို့သိရပါတယ်။

လေကြောင်းရန်ကို တားဆီးနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပြီးတော်လှန်ရေး အတွက် အကြီးမားဆုံး အဟန့်အတားကတော့ လေတပ်ဖြစ်ပြီး သူနဲ့အတူတွဲပါလာတာကတော့ လက်နက်ကြီး တွေ ဖြစ်ကြောင်း စစ်ကောင်စီ ရဲ့ လေကြောင်းရန်ကို တားဆီးနိုင်ဖို့ နည်းလမ်းတွေကတော့ တခုမက ရှိနိုင်တယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။

ရွှေပြည်​အေးမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်​ကောင်စီတပ်က အထိနာလာပြီး​နောက် ​လေ​ကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာပါတယ်။ ​ဖေ​ဖော်ဝါရီ (၃)ရက် ည​နေပိုင်းမှာ PDF တပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစီးကိုပစ်ချနိုင်ခဲ့တာဖြစ်ပြီး စစ်​ကောင်စီ ရဟတ်ယာဥ်ကိုပစ်ချနိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အဲဒီ PDF အဖွဲ့တွေဟာ KIA က​ လေ့ကျင့်​ပေးထားတဲ့ KPDF တပ်ဖွဲ့ဝင်များ ဖြစ်​တယ်လို့ KIO/KIA ပြန်ကြား​ရေးကအသိ​ပေးထားပါတယ်။

အဲဒီလိုနည်းလမ်းပေါင်းစုံကို စဉ်းစားရင်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ‌ လေယာဉ်ပစ်လက်နက်ရရှိရေးအတွက် အဘက်ဘက်ကနေ ကြိုးစားနေတာဖြစ်ပြီး လေ ကြောင်း ဟု ဆိုရာမှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ကို ခွဲခြားစဉ်းစားဖို့လိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။

လေယာဉ်တွေ မည်သည့် လေတပ်နေ ထွက်လာသည် ၊ထွက်မလာသေး စတဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီရယူကာမြေပြင်တော်လှန်ရေးတပ်များကို သတင်းပေးပို့နိုင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်သည့်စက်ပစ္စည်းဆိုင်ရာ များ နိုင်ငံတကာဘက်မှ အကူအညီ ရရအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့တာပါ။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

286
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
258
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
340
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
175
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။