အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဗြိတိန်ခရီးစဉ်မှာ ဗြိတိန်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ဖေဖေါ်ဝါရီ(၄)ရက်မှာ Westminster တက္ကသိုလ်ရှိ တွေ့ဆုံပွဲအခမ်းအနား ကို တက်ရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူ (၂၅၀) ခန့်တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲ မှာ တော်လှန်ရေးကာလအတွင်းမှာ ပေးဆပ်သွားကြတဲ့ ပြည်သူတွေကို ဉီးညွတ်အလေးပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဟာ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးမေးမြန်းလာတဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားကို စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။