ပဲခူးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်မ (၇၇) နားတွင် ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ ဖေဖေါ် ဝါ ရီ(၈)ရက်မှာ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင်တိုင်းဘောလုံးကွင်းအနီး ညစျေးနားနဲ့ အခြားနေရာတွေမှာလည်း ဖေဖော်ဝါရီ (၇)ရက်ညပိုင်းက ဗုံးတွေဆက်တိုက် ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပဲခူးမြို့ပေါ်မှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဲဒီ ပေါက်ကွဲမှု တွေ မှာ လူထိခိုက် သေဆုံးမှုရှိ၊မရှိ မသိရသေးပါဘူး။
အခုလို ပဲခူးမြို့ပေါ်မှာ ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးတိုက်ခိုက်မှုတွေထဲက တခု ဖြစ်တယ်လို့ပဲခူး မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကပြောပါတယ်။
အဲဒီစစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန် ရေးရဲဘော် တွေကတော့ လုံခြုံဘေးကင်းတဲ့နေရာပြန်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။