Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

NUG အစိုးရ ထိန်းချူပ်နယ်မြေအချို့မှာ အင်တာနက် ရရှိအောင်ပြုလုပ်ထား

Share this News:

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ထိန်းချုပ်နယ်မြေအချို့မှာ အင်တာနက်လိုင်း အသုံးပြုလို့ရအောင် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ NUG အစိုးရ နည်းပညာဝန်ကြီး ဉီးထင်လင်းအောင် က ဖေဖေါ်ဝါရီ (၅) ရက်မှာ လုပ်ခဲ့တဲ့ Global Town Hall အစီအစဉ် မှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီ က အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသတွေထဲက အနည်းဆုံး (၁၅) မြို့နယ်ကို အင်တာနက် ရရှိအောင် စီစဉ်ထားရှိပြီး NUG ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး အပြင် ပညာသင်ကြားရေးလုပ်ငန်းတွေမှာပါ အထောက် အကူပြုနိုင်မှာ ဖြစ်တယ်လို့ နည်းပညာဝန်ကြီး ဉီးထင်လင်းအောင် က ပြောကြားပါတယ်။

အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းကတည်းက အင်တာနက် ဖြတ် တောက်ခဲ့ခြင်း ဖြစ်ပြီး၊ တချို့ မြို့နယ်‌မြေတွေမှာ အင်တာနက်မြန်နှုန်းထားကို လျှော့ချထားတာဖြစ်ပါတယ်။

အခုလက်ရှိနည်းပညာ အရ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်တာနက်လိုင်းကိုမသုံးဘဲနဲ့ အင်တာနက်ရရှိဖို့အတွက် စက်ပစ္စည်း တွေကို ထောက်ပံ့ ပေးထားနိုင်နေပြီ ဖြစ်တယ်လို့သိရပါတယ်။

အခုလို NUG အစိုးရ ထိန်းချုပ်နယ်မြေတွေမှာ အင်တာနက်ကိုရရှိအောင်လုပ်ဆောင်နိုင်ခြင်းဟာ ပြည်သူတွေအတွက်သတင်းအ‌မှောင်ချခံရမှု နဲ့ သတင်းအချက်အလက်စီးဆင်းမှု‌‌ကို ‌နှောင့်နှေးစေတဲ့ အခက်အခဲတွေကို လျော့ချလာနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းအတွင်းရှိ NUG ရဲ့ ထိန်းချုပ် စိုးမိုးနယ်မြေတွေ ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းနှင့် ကသာ တို့မှ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တွေဟာ NUG က ထောက်ပံ့ထားတဲ့ အင်တာနက် ကို အသုံးပြုနိုင်နေပြီ ဖြစ်တယ်လို့ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့တွေဆီက သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။