Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

တန့်ဆည် တွင် အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်

Share this News:

◼အထိနာ စစ်တပ်က ရွာများကို စစ်ကြောင်းထိုး၀င်ရောက်လျက်ရှိ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရှိ အကြမ်းဖက်စစ်ကောင်စီ တပ် (၃၆၁ ၊ ၃၆၇ ) နဲ့ ပျူစောထီးအဖွဲ့တွေဟာ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၈) ရက်မှာ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားချက် အရသိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တန့်ဆည်-ကလေး လမ်းအနီး ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က
( ၂၀ )ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပ.ကဖ အဖွဲ့မှ ရဲဘော်တ ဦး မစိုးရိမ်ရဒဏ်ရာရှိ ခဲ့တယ်လို့တန့်ဆည် (ပကဖ) က ပြောပါတယ်။

Photo | တန့်ဆည်ပကဖ | တန့်ဆည်ပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။

အဲဒီ စစ်ဆင်ရေးကို တန့်ဆည် (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့များ(ရွှေဘိုခရိုင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီ တပ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဖြစ်တဲ့ Guerrilla Warfare – K.P.K၊ MDF-Taze Tiger ၊ TSR၊ PLA တို့က အသင့်တပ်ဆင်ထားတဲ့ ပဒေသာ မိုင်းတွေနဲ့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Guerrilla Warfare – K.P.K အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အထိနာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ‌ ကံထူးမမှတဆင့် တန့်ဆည်အနောက်ခြမ်း ကျေးရွာတွေကို
ဖေဖေါ်ဝါရီ (၈) ရက် နေ့လည်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။