Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ထန်တလန်မြို့မ ရဲစခန်းကို CNF တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြားရရှိ

Share this News:

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မ ရဲစခန်းကို ချင်းအမျိုးသားတပ်မတော်က ဖေဖော်ဝါရီ (၈)ရက်၊ ည (၉) နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် (၄၀) ကျော်ခန့် သိမ်းဆီးရမိတယ်လို့ သိရပါတယ်။

တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၄)ဦးထက်မနည်း သေဆုံးခဲ့သလို CNA/CNF ဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပါတယ်။

ထန်တလန်မြို့မ ရဲစခန်းကို သိမ်းပိုက်ပြီးနောက်တွေ့ရစဉ်။ Photo-CNF

ထန်တလန်မြို့မရဲစခန်းကို စစ်ကောင်စီရဲတပ်သား(၄၀)ခန့်က တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် အနီးရှိ စစ်တပ်မှ စစ်ကူ မလာခဲ့သလို လေကြောင်းပစ်ကူလည်း မပေးနိုင်ခဲ့ပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ ဒရုန်းကို ပစ်ချသည့် အမျိုးအစားလည်းပါဝင်ကြောင်း CNF က ဓာတ်ပုံ နဲ့ တကွ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ထန်တလန်မြို့မ ရဲစခန်းအနီးကို စစ်ကောင်စီက တိုက်လေယာဉ်သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

335
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
282
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
365
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
193
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။