မကွေးတိုင်း ၊ ငဖဲမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ရဲ့ အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းထုတ် စက်ရုံ (ကပစ-၁၄) ယမ်းချက်စက်ရုံကို ၁၀၇(မမ) ရှော့ခ်တိုက်ဒုံး (၂)လုံး ၊ RPG တို့ နဲ့ ဖေဖေါ်ဝါရီ (၉) ရက် မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Alliance – PRA Magway ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အဆောက်အ အုံတွေနဲ့ အကြမ်းဖက် စစ်သား တွေ ထိခိုက်သေဆုံးမှုရှိ နိုင်တယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေကို စုံစမ်းလျက်ရှိတယ်လို့ People’s Revolution Alliance – PRA Magway အဖွဲ့ က ထုတ်ပြန်ထားတာပါ။
အဲဒီစစ်ဆင်ရေးကို People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်း နဲ့ မောလုံ စစ်ကြောင်းတို့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ဆင်ရေးကို အရှိန်တိုးမြှင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။