Topics in the news »

Myanmar   |   English

The Voice of Spring Investigative - Innovative - Independent |||

ဘီးလင်းမြို့နယ် မင်းစောရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်သဖြင့် လူနေအိမ် (၉)လုံး ပျက်စီး

Share this News:

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးနယ်၊ မင်းစောရွာအတွင်းကို ဖေဖေါ်ဝါရီ (၇) ရက် ည (၇) နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကိုးနဝင်း တပ်စခန်းက လက်နက်ကြီး (၂)လုံး နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၉ လုံး ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ကိုးနဝင်းစခန်း ဟာ ကေအဲန်ယူ-မူတြော်ခရိုင်အတွင်းမှာ တပ်စွဲထားတာဖြစ်ပြီး မင်းစောကျေးရွာအတွင်းကိုလက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုများရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားတာပါ။

လက်နက်ကြီး ကျည်စထိမှန်ခဲ့တဲ့ အိမ်ပိုင်ရှင်တွေက (၁)တီးကွေးလေး၊ (၂)မောင်သန်းကျော်၊ (၃)ထွန်းသန်းပါး၊ (၄)ကျောနကူး၊ (၅)မောင်သိန်းဝင်းမိုး၊ (၆)တီးချာဘိ၊ (၇)ဖီးမုဒေး၊ (၈)တီးထို့ကလူနှင့် (၉)ယားမဝိုင်းမို့ တို့ဖြစ်တယ်လို့ KNU က အသိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။

Related News

342
Views

ထန်တလန် ရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ (၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်

◼မြေပြင်တွင် ချင်းတပ်ဖွဲ့များကို မယှဥ်နိုင်သည့် အကြမ်းဖက်စစ်ကောင်စီဟာ လေ‌ကြောင်းသုံးကာ ဆက်တိုက် ဆိုသလို တိုက်ခိုက်လျက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)...
285
Views

အင်အား(၈၀)ခန့် စစ်ကောင်စီစစ်ကြောင်းကို ကသာနှင့်ထီးချိုင့်ကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်

◼မိုင်းဆွဲခံရတဲ့ စစ်တပ်ဟာ ဒေသခံ (၂) ဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွား ကသာနှင့်ထီးချိုင့်မြို့ကြားမှာ အင်အား...
369
Views

ပေါက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ PDF ကို သောင်းသောင်းဖြဖြကြိုဆို

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီ (၂၂) ရက် မနက်ပိုင်း...
196
Views

ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်တိုက်ခိုက်

◼အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ...

Support Us

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ပြည်သူများရဲ့ အမှန်သိခွင့်ကို ဆက်လက်ဖော်ထုတ်တင်ဆက် နိုင်ဖို့ The Voice Of Spring ကို ကူညီလှူဒါန်းနိုင်ပါပြီ။